earthquake Myanmar : ငလျင်လှုပ်ရင် ဘာလုပ်ရမလဲ?
- U Khun JDBKK
- Mar 29
- 1 min read

earthquake Myanmar : ဒီတစ်ခေါက်မှာတော့ မြန်မာပြည်မှာ ကျရောက်သွားတဲ့ ပြင်းထန်တဲ့ ငလျင်နဲ့ပက်သက်ပြီး JDBKK မိသားစုကနေမှာ စိတ်မကောင်းဖြစ်မိပါတယ်။ဒါကြောင့် ဒီကနေ့မှာတော့ ငလျင်ဖြစ်သွားရင် ရှောင်ရန်၊ ဆောင်ရန်များကိုမျှဝေပေးသွားပါမယ်နော်။
ငလျင်လှုပ်ပြီ လို့ သိပြီဆိုရင် ဟိုပြေး သည်လွှား ပျာယာမခတ်ပါနဲ့။ ကိုယ့်ဝန်းကျင်မှာ ဘာတွေ ဖြစ်လာရင် ဘာတွေ လုပ်ရမယ် ဆိုတာ သိဖို့ ပထမဆုံး သင် သတိပြုရမှာက သင် ဘယ်နားမှာ ရောက်နေသလဲ ဆိုတာ သိဖို့ပဲ။ အိမ်ထဲမှာ ရှိနေရင် အိမ်ထဲမှာပဲ နေပြီး အပြင်ကို ဂမူးရှူးတိုး ပြေးမထွက်ပါနဲ့။ အိမ်ပြင်မှာ သင်ရောက်နေရင်လည်း အိမ်ထဲကို အလျင်စလို ပြေးမဝင်ပါနဲ့။
သင်ဟာ အိမ်ထဲမှာ ရှိနေရင် ပြတင်းပေါက် တံခါးပေါက်တွေနား မသွားပါနဲ့။ သင့်အိမ်တွင်းမှာ တောင့်တင်းတဲ့ စားပွဲတွေ၊ ခုံတွေ၊ ကုတင်တွေကို လိုအပ်သလို အသုံးချနိုင်ဖို့ ကြိုတင်စဉ်းစား ပြင်ဆင်ပါ။ အပေါ်က ပြုတ်ကျ ပြတ်ကျလာနိုင်တဲ့ အရာတွေကို သတိထားပါ။ ပြီးတော့ သင့် အပေါ် လဲကျလာနိုင်တဲ့ ဘီရို စာအုပ်စင် စတာတွေကိုလည်း သတိထားပါ။
တကယ်လို့ သင်ဟာ အပြင်မှာ ရှိနေရင်တော့ ကိုယ့်ဝန်းကျင်အနီးမှာ ပြိုကျလာနိုင်တဲ့ အဆောက်အဦးတွေ၊ လဲကျလာနိုင်တဲ့ ဓာတ်မီးတိုင်တွေ၊ မြေပြင်ပြိုအက်လာနိုင်တာတွေကို သတိထားပါ၊ စောင့်ကြည့်ပါ။
ငလျင်လှုပ်နေတဲ့ အချိန်မှာ မီးခြစ်ခြစ်တာတွေ၊ ဖရောင်တိုင် ထွန်းတာတွေ၊ မီးမွှေးတာတွေ လုံးဝ မလုပ်ပါနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ သင့်ဝန်းကျင်မှာ ဂက်စ်ပိုက်လိုင်း၊ ဒါမှမဟုတ် လောင်စာဆီ သိုလှောင်တဲ့ နေရာတွေက လောင်စာတွေ ထွက်လာတဲ့ အခါ ငလျင်လှုပ်တဲ့ ကြား မီးလောင်တာလည်း ဖြစ်လာနိုင်တာကြောင့် ဖြစ်ပါတယ်။
ကမ်းခြေနားမှာဆိုရင်
- ပယ်လယ်ကမ်းခြေနားမှာဆိုရင်တော့ ဆူနာမီလို လှိုင်းလုံးကြီးတွေကမ်းပေါ်ရောက်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်သင့်ပါတယ်။
တကယ်လို့ သင်ဟာ ကားထဲမှာ ရောက်နေတယ် ဆိုရင်တော့ ကားကို ရပ်လိုက်ပါ၊ ကားထဲမှာပဲ နေနေပြီး ငလျင်ရတဲ့ အထိ စောင့်ပါ။ သို့မဟုတ် သင့်ဝန်းကျင်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်လှုပ်ရှားဖို့ ပြင်ဆင်ထားပါ။
ငလျင်လှုပ်နေချိန်မှာ ဓာတ်လှေခါးကို အသုံးမပြုပါနဲ့။ ဘာကြောင့်လဲ ဆိုတော့ ပြတ်ကျ ပြုတ်ကျ ဖြစ်တတ်တာကြောင့်ပါ။
JDBKK(မြန်မာနိုင်ငံရဲ့ အကောင်းဆုံးသောအွန်လိုင်းဂိမ်းဆိုဒ်)